Open Source Library
opensource က freeware နဲ့ မတူကတော့ freeware က အခမဲ့ ပေးသုံးပါတယ်။ ဒါပေမယ့် သူ့ရဲ့ source code တွေကို ပေးမကြည့်ပါဘူး။ ကြည့်ခွင့် မရှိဘူးပေါ့ဗျာ။ ဒါကြောင့် သုံးချင်သုံး ဒါပေမယ့် ပိုကောင်းအောင် လုပ်လို့လဲ မရဘူး။ သူ့အထဲမှာ ဘယ်လိုရေးထားလဲ ဆိုတာလဲ မသိရပါဘူး။ opensource ကတော့ အခမဲ့ ရတဲ့အပြင် သူ့ရဲ့ ကုတ်တွေကို ဝင်ကြည့်နိုင်တော့ ကိုယ်ကြိုက်သလိုပြင်သုံးနိုင်တယ်။ ဒါကြောင့် အချို့စီးပွားရေး လုပ်ငန်းကြီးတွေမှာတောင် opensource ကို စွဲစွဲမက်မက် သုံးလာကြတာဖြစ်တယ်။ နောက်ထပ် သဘောကျဖို့ကောင်းတာတစ်ခုက opensource မှာ ပိုင်ရှင်မရှိဘူး။ စရေးတဲ့လူက ရေးပြီး ဖြန့်ပေးလိုက်တယ်။ အခြားပညာရှင်တွေက ပိုကောင်းအောင် ထပ်ဖြည့်ပီး လုပ်ကြပြန်တယ်။ ဒါကြောင့် အဲဒီ ပရိုဂရမ်တစ်ခုက ကြာလေ ပြည့်စုံလေ ဖြစ်လာတယ်။ ဒါကြောင့် နိုင်ငံတကာမှာ ယဉ်ကျေးမှုတရပ်၊ အတွေးအခေါ်သစ် တခုအနေနဲ့ နိုးကြားလာကြတာ ဖြစ်ပါတယ်။ အရောင်အသွေးမတူတဲ့ အစိုးရတွေ၊ အမျှော်အမြင်ရှိတဲ့ အဖွဲ့အစည်းတွေက အားပေးလာကြခြင်း ဖြစ်ပါကြောင်း။